| လူငယ့်အသံ မိတ်ဆက် |
|
|
|
| Written by LuNge | ||||||||||||
| Friday, 22 August 2008 00:00 | ||||||||||||
“ နယ်သာလန်နိုင်ငံ Free Voice ကဦးစီးဆောင်ရွက်ပြီး နိုင်ငံ (၆) နိုင်ငံပါတဲ့ KNN Kid News Network က မြန်မာလူငယ်များအတွက် အလေးထားဆောင်ရွက်ပေးမယ့် တီဗွီအစီအစဉ် တစ်ခုကို ပူးပေါင်းဆောင်ရွက်ဖို့ ကမ်းလှမ်းလာပါတယ်။ ဒါကြောင့် မြန်မာ့မီဒီယာလောကမှာ တစ်ခါမှ မရှိဖူးတဲ့ လူငယ့်အစီအစဉ်ကို လူငယ်တွေနဲ့ ပူးပေါင်းပြီး ထုတ်လွှင့်ရမယ်ဆိုတော့ လိုအပ်တဲ့ လေ့လာမှုတွေ စလုပ်ခဲ့ရပါတယ်။ ” “ အထူးသဖြင့် လူငယ်တွေကိုယ်တိုင် ပါဝင်တဲ့ သူတို့တွေရဲ့  တွေးခေါ်မြော်မြှင်မှုတွေကို အလေးထား ဖော်ထုတ်မှုကို အဓိကထားတဲ့ အစီအစဉ်ဆိုတော့ လူငယ်ထုထဲဆင်းပြီး လေ့လာခဲ့ပါတယ် ။ သတင်းအကြောင်းကို နားလည်တဲ့ လူငယ် မျိုးဆက်သစ်တွေ ပေါ်ထွန်းစေဖို့ ရည်ရွယ်ပါတယ် ” လူငယ်များအနေနဲ့ကလည်း အခုလိုအစီအစဉ်ကို စိတ်ဝင်စားမှုရှိကြောင်းနဲ့ ဘယ်လို ကဏ္ဍများ ပါဝင်စေလိုကြောင်း အခုလို ပြောပြသွားပါတယ်။ “ လူငယ်အသံအစီအစဉ်က လူငယ်တွေအတွက်ဆိုတော့ ကောင်းပါတယ်။ စိတ်ဝင်စားမှုရှိမယ် ဆိုတာကို ယုံကြည်ပါတယ်။ သမီးတို့အနေနဲ့ကတော့ နာဂစ်မုန်တိုင်းဖြစ်တဲ့ လူတွေကို အစိုးရက ဘယ်လိုကူညီမယ် ပုံစံမျိုး အခြေအနေကိုသိချင်တယ်။ တချို့ကလေးတွေဆို မိဘမဲ့တွေ ဖြစ်ကုန်တယ်။ အဲဒီ့အခြေအနေကိုအစိုးရက ဘယ်လိုကောင်းအောင် လုပ်ပေးနိုင်မလဲ ဆိုတာသိချင်တယ်။ ”
လူငယ်လေးတွေရဲ့အမြင်ကြောင့် လူငယ့်အသံအစီအစဉ်ကြီး ဖြစ်မြောက်ဖို့ ဦးတည်လာခဲ့ ပါတယ်။ ဒီလူငယ်အသံအစီအစဉ်မှာ ကမ္ဘာ့တလွှား၊ မြန်မာ့တလွှားမှာရှိတဲ့ လူငယ်တွေရဲ့ သတင်း၊ လူငယ်တွေရဲ့အမြင်၊ လူငယ်တွေရဲ့ရုပ်လွှာ၊ လူငယ်တွေရဲ့ရင်တွင်းခံစားချက်များ၊ အားကစားသတင်း၊ ပျော်ရွှင်စရာအစီအစဉ်များနဲ့ တေးဂီတများလည်း ပါဝင်တင်ဆက် ပေးသွားမှာ ဖြစ်ကြောင်းသိရှိရပါတယ်။ ![]() လူငယ့်အသံ အစီအစဉ်ကို ဒီဗွီဘီ ရုပ်မြင်သံကြားလိုင်းများကနေ အပတ်စဉ် ကြည့်ရှုနိုင်ပြီး အင်တာနက် စာမျက်နှာ www.DVBYouth.com မှာလည်း ထုတ်လွှတ်ထားသော အစီအစဉ်များ၊ သတင်း အသေးစိတ်တို့ကို ရှုစားနိုင်ပါတယ်။ ဒီဗွီဘီ လူငယ့်အသံကို
This e-mail address is being protected from spambots. You need JavaScript enabled to view it
ကနေ အီးမေးလ်ပို့ ဆက်သွယ်ပါ။
|
||||||||||||
| Last Updated ( Sunday, 12 July 2009 15:07 ) |