| လူငယ့်အသံ အစီအစဉ် ဖွင့်ပွဲ အခမ်းအနား |
|
|
|
| Written by LuNge |
| Saturday, 07 October 2006 03:45 |
|
ဒီဗွီဘီ လူငယ့်အသံ အစီအစဉ် ဖွင့်ပွဲ အခမ်းအနားကို ၂၀၀၈၊ အောက်တိုဘာ (၃)ရက်နေ့က ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့က Holiday Garden မှာ ကျင်းပ ....
အောင်မြင်စွာ ထုတ်လွှင့်နိုင်ခဲ့တဲ့ ဒီဗွီဘီ လူငယ့်အသံ အစီအစဉ် ဖွင့်ပွဲကို ၂၀၀၈၊ အောက်တိုဘာ (၃)ရက်နေ့က ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့က Holiday Garden မှာ စည်ကားသိက်မြိုက်စွာ ကျင်းပသွားပါတယ်။
အခမ်းအနားကို နယ်သာလန်သံရုံးမှ ကိုယ်စားလှယ် Peter Keulers က အဖွင့်အမှာစကားနဲ့အတူ ဒီဗွီဘီ လူငယ်အသံရဲ့ မိတ်ဆက် ရုပ်သံအစီအစဉ်ကိုလည်း ဖွင့်လှစ်ပေးသွားပါတယ်။ <object width="425" height="344"><param name="movie" value="http://www.youtube.com/v/KurZEnd9N6M&color1=0xb1b1b1&color2=0xcfcfcf&hl=en&feature=player_embedded&fs=1"></param><param name="allowFullScreen" value="true"></param><param name="allowScriptAccess" value="always"></param><embed src="http://www.youtube.com/v/KurZEnd9N6M&color1=0xb1b1b1&color2=0xcfcfcf&hl=en&feature=player_embedded&fs=1" type="application/x-shockwave-flash" allowfullscreen="true" allowScriptAccess="always" width="425" height="344"></embed></object>
ဒီလူငယ်အစီအစဉ်ကို နယ်သာလန်နိုင်ငံ Free Voice ကဦးစီးဆောင်ရွက်ပြီး နိုင်ငံ (၆) နိုင်ငံပါတဲ့ KNN Kid News Network က မြန်မာ့လူငယ်များအတွက် အလေးထား ဆောင်ရွက် ပေးတဲ့အစီအစဉ်သစ်ဖြစ်ပြီး အခု မြန်မာဟာလဲ (၇)နိုင်ငံမြောက် အဖွဲ့ဝင် ဖြစ်လာပြီ ဆိုတဲ့အကြောင်း KNN မန်နေဂျာ Ole Chavannes ကပြောကြားသွားပါ တယ်။
ဒီဗွီဘီမှ ဒုတိယ ညွန်ကြားရေမှုး ဦးခင်မောင်ဝင်းကလည်း ဒီဗွီဘီကို ရံပုံငွေ ထောက်ပံ့ပေးတဲ့ အဖွဲ့အစည်းတွေကို ကျေးဇူးတင်စကား ပြောကြားရင်း ဒီဗွီဘီနောက်ခံသမိုင်း အကျဥ်းချုပ်ကိုလည်း ရှင်းပြသွားပါတယ်။
အောင်မြင်စွာ ဖွင့်လှစ်သွားနိုင်ခဲ့တဲ့ ဒီဗွီဘီ လူငယ့်အသံ အစီအစဉ်နဲ့ ဖွင့်ပွဲအခမ်းအနား အပေါ် ထုတ်လုပ်ရေး တာဝန်ခံ ဦးတိုးဇော်လတ်ကလည်း ၀မ်းသာမိကြောင်း၊ နောက်မျိုးဆက်တွေကို မျိုးစေ့ချပေးသွားနိုင်ဖို့ ဦးလည်မသုန် ဆက်လုပ်သွားမှာဖြစ်ကြောင်း၊ လူငယ့်အသံ အစီအစဉ်ကိုလည်း နေ့စဉ် ထုတ်လွှင့်နိုင်တဲ့အထိ ကြိုးစားသွားမှာဖြစ်ကြောင်း၊ အားလုံးကိုလည်း ကျေးဇူးတင်ပါကြောင်း ပြောပြသွားပါတယ်။
ဖွင့်ပွဲမှာ မျက်နှာဖုံးလေးတွေနဲ့ လူငယ်လေးတွေကလည်း ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲရင်း သူတို့လေးတွေရဲ့ အမြင်ကိုလည်း ဖွင့်ပြောခဲ့ပါတယ်။
ဖွင့်ပွဲ အခမ်းအနားမှာ သိုးနယားအက၊ လန်းနားအက၊ ရှမ်းရိုးရာ အကများနဲ့ သီးလေးသီး ဆေးရောင်စုံအငြိမ့် တို့က ခုနှစ်ထွေအကများ ပါဝင်ဖျော်ဖြေ ပေးသွားကြပါတယ်။
အခုလို လူငယ်အသံ ရုပ်သံ အစီအစဉ်နဲ့အတူ ဖွင့်ပွဲ အခမ်းအနားကိုပါ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ခြင်းအတွက် လူငယ့်အသံအဖွဲ့က အထူး ကျေးဇူးတင်ရှိပါတယ်။ ဖွင့်ပွဲအခမ်းအနား ရုပ်သံမှတ်တမ်းကိုလည်း ကြည့်ရှုနိုင်ပါပြီ။
|
| Last Updated ( Sunday, 12 July 2009 15:28 ) |