|
ဒီဗွီဘီ လူငယ့်အသံ အစီအစဉ်ကို သြဂုတ်လ (၂၂)ရက်၊ ၂၀၀၈ ခုနှစ်က စတင်ပြီး အပတ်စဉ် သောကြာနေ့တိုင်း တင်ဆက် ထုတ်လွှင့်သွားမှာ ဖြစ်ပါတယ်။ ဒီလို ဖြစ်ပေါ်လာဖို့အတွက် လွန်ခဲ့တဲ့ တစ်နှစ်ကျော်လောက် ကတည်းက လေ့လာပြုစုခဲ့ရသလို ဘယ်လို စတင်တည်ထောင် ခဲ့ရသလဲဆိုတာကို ထုတ်လုပ်ရေး တာဝန်ခံ ဦးတိုးဇော်လတ်က အခုလို ပြောပါတယ်။ |
“
နယ်သာလန်နိုင်ငံ Free Voice ကဦးစီးဆောင်ရွက်ပြီး နိုင်ငံ (၆) နိုင်ငံပါတဲ့ KNN Kid News Network က မြန်မာလူငယ်များအတွက် အလေးထားဆောင်ရွက်ပေးမယ့် တီဗွီအစီအစဉ် တစ်ခုကို ပူးပေါင်းဆောင်ရွက်ဖို့ ကမ်းလှမ်းလာပါတယ်။ ဒါကြောင့် မြန်မာ့မီဒီယာလောကမှာ တစ်ခါမှ မရှိဖူးတဲ့ လူငယ့်အစီအစဉ်ကို လူငယ်တွေနဲ့ ပူးပေါင်းပြီး ထုတ်လွှင့်ရမယ်ဆိုတော့ လိုအပ်တဲ့ လေ့လာမှုတွေ စလုပ်ခဲ့ရပါတယ်။ ”
“
အထူးသဖြင့် လူငယ်တွေကိုယ်တိုင် ပါဝင်တဲ့ သူတို့တွေရဲ့  တွေးခေါ်မြော်မြှင်မှုတွေကို အလေးထား ဖော်ထုတ်မှုကို အဓိကထားတဲ့ အစီအစဉ်ဆိုတော့ လူငယ်ထုထဲဆင်းပြီး လေ့လာခဲ့ပါတယ် ။ သတင်းအကြောင်းကို နားလည်တဲ့ လူငယ် မျိုးဆက်သစ်တွေ ပေါ်ထွန်းစေဖို့ ရည်ရွယ်ပါတယ် ”
လူငယ်များအနေနဲ့ကလည်း အခုလိုအစီအစဉ်ကို စိတ်ဝင်စားမှုရှိကြောင်းနဲ့ ဘယ်လို ကဏ္ဍများ ပါဝင်စေလိုကြောင်း အခုလို ပြောပြသွားပါတယ်။
“ လူငယ်အသံအစီအစဉ်က လူငယ်တွေအတွက်ဆိုတော့ ကောင်းပါတယ်။ စိတ်ဝင်စားမှုရှိမယ်
ဆိုတာကို ယုံကြည်ပါတယ်။ သမီးတို့အနေနဲ့ကတော့ နာဂစ်မုန်တိုင်းဖြစ်တဲ့
လူတွေကို အစိုးရက ဘယ်လိုကူညီမယ် ပုံစံမျိုး အခြေအနေကို
ုသိချင်တယ်။ တချို့ကလေးတွေဆို မိဘမဲ့တွေ ဖြစ်ကုန်တယ်။ အဲဒီ့အခြေအနေကိုအစိုးရက ဘယ်လိုကောင်းအောင် လုပ်ပေးနိုင်မလဲ ဆိုတာသိချင်တယ်။ ”
|
|
“ |
ကလေးတွေဒုက္ခရောက်တယ်ပေါ့နော်၊ အဒါလေးတွေကိုပြဇာတ် လိုမျိုးလေးထည့်စေချင်တယ်။
|
| မီးတောင်ပေါက်တာတွေ ငလျင်လှုပ်တာ အဲ့လိုမျိုးတွေကြည့်ချင်တယ်။” |
| “ အားကစားသတင်းတို့ သီချင်း၊ ဂီတတို့ အဲ့ဒါတွေပါစေချင်တယ်။ ” |
|
“ နိုင်ငံရဲ့ အကြောင်းတွေပေါ့နော်၊ နိုင်ငံတွေပြေလည်မှုရှိလား မရှိလားသိချင်တယ်။ ” |
 |
လူငယ်လေးတွေရဲ့အမြင်ကြောင့်
လူငယ့်အသံအစီအစဉ်ကြီး ဖြစ်မြောက်ဖို့ ဦးတည်လာခဲ့ ပါတယ်။
ဒီလူငယ်အသံအစီအစဉ်မှာ ကမ္ဘာ့တလွှား၊ မြန်မာ့တလွှားမှာရှိတဲ့ လူငယ်တွေရဲ့ သတင်း၊
လူငယ်တွေရဲ့အမြင်၊ လူငယ်တွေရဲ့ရုပ်လွှာ၊ လူငယ်တွေရဲ့ရင်တွင်းခံစားချက်များ၊
အားကစားသတင်း၊ ပျော်ရွှင်စရာအစီအစဉ်များနဲ့ တေးဂီတများလည်း
ပါဝင်တင်ဆက် ပေးသွားမှာ ဖြစ်ကြောင်းသိရှိရပါတယ်။

လူငယ့်အသံ အစီအစဉ်ကို ဒီဗွီဘီ ရုပ်မြင်သံကြားလိုင်းများကနေ အပတ်စဉ် ကြည့်ရှုနိုင်ပြီး အင်တာနက် စာမျက်နှာ
www.DVBYouth.com မှာလည်း ထုတ်လွှတ်ထားသော အစီအစဉ်များ၊ သတင်း အသေးစိတ်တို့ကို ရှုစားနိုင်ပါတယ်။ ဒီဗွီဘီ လူငယ့်အသံကို
YouthVoice@dvbyouth.com ကနေ အီးမေးလ်ပို့ ဆက်သွယ်ပါ။