[ Font ]    
မူလစာမျက်နှာ သတင်း စကားဝိုင်း အင်တာဗျူး ရုပ်ရှင်နှင့်ဂီတ စာပေအနုပညာ ဓါတ်ပုံကဏ္ဍ
စကားဝိုင်း
ရွှေဝါရောင် စကားဝိုင်း
Aug 23, 2008
စက်တင်ဘာလထဲမှာ တစ်နှစ်ပြည့်မြောက်လာမယ့် ၂၀၀၇ စက်တင်ဘာ ရွှေဝါရောင် တော်လှန်ရေး ရဟန်းသံဃာများကိုလည်း လူငယ်တွေရဲ့  စိတ်ထဲမှာ ကိန်းအောင်း ကြည်ညိုနေဆဲ ဆိုတာကို ဆန်းစစ်ခဲ့ပါတယ်။ ဒါကြောင့် လူငယ်တွေက စိတ်ဝင်တစားနဲ့ လိုလိုလားလား ဆွေးနွေးလာတဲ့ စကားသံတွေ ကြားသိခဲ့ရပါတယ်။



“ဘုန်းကြီးတွေဆိုတာ နိုင်ငံတော်က တကယ်ကြည်ညို အားထားရတဲ့ ဘုရားသားတော်ပါ။ ဒါတွေကို နိုပ်စက်တာဟာ တစ်နှစ်ပြည့်ရင် ၀မ်းနည်းစရာပေါ့”


“ဘုန်းကြီးတွေကို ခြေထောက်နဲ့ ကန်တာမျိုး သင်္ဃန်းတွေ ချွတ်ပြီးတုတ်နဲ့ ရိုက်တာမျိုးကို အရမ်းစိတ်နာတယ် သမီးကြီးလာရင်အဲ့ဒီလူတွေကို မကျေနပ်ဘူး ပြန်ပြီးတော့ ပြန်တိုက်ခိုက်မယ်”


“ဘုန်းကြီးတွေ ပြည်သူတွေ ကျောင်းသားတွေ ဆန္ဒပြတာဟာ မှန်တယ်လို့ ထင်ပါတယ်”


“ကျွန်တော်တို့လည်း စိတ်မကောင်းဘူး၊ ကျွန်တော်တို့ ကိုးကွယ်နေတဲ့ ဗုဒ္ဒဘာသာ ဘုရားသားတော်တွေ ရိုက်တာကို စိတ်မကောင်းဘူး”

“ တချို့  ကိုရင်တွေကို နှိပ်စက်တယ်၊ ခေါင်းကွဲအောင် ရိုက်တယ်။ သမီး ဖြစ်စေချင်ကတော့ အစိုးရက ဒီလူတွေ အပေါ်ကို ကောင်းစေချင်တယ်။ ”




ဒီအကြောင်းအရာအပေါ် မိမိသဘောထား၊ မိမိအတွေးအမြင်တို့ကို ပေါ့ပေါ့ပါးပါး ကိုယ်တိုင်ပါဝင် ဒီစကားဝိုင်းမှာ ဆွေးနွေးကြဖို့လည်း ဖိတ်ခေါ်ပါတယ်။

လူအချင်းချင်း နှိပ်စက်ခြင်း ကင်းဝေးကြပါစေ ...

တို့ မေတ္တာစွမ်း ကမ္ဘာလွှမ်း အေးချမ်းကြပါစေ ...



အစမ်းဆွေးနွေးချက်ဖြစ်ပါသည်။
Posted by: စိုးငယ်
Add Your Comment
တစ်ပတ်အတွင်းဆွေးနွေးချက်များ
ရွှေဝါရောင် စကားဝိုင်း
ယခင်ဆွေးနွေးချက်များ
© 2008 DVB Youth Voice. ALL RIGHTS RESERVED.